မဲစာရင်းတွင်ပါရန် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ ၁၀ သိန်းကျော်ရှိ

1.6K
နိုင်ငံတ၀န်းမှာ ပုံစံ (၃-က)နဲ့ မဲစာရင်းမှာ ပါဝင်ဖို့ လာရောက်လျှောက်ထားသူ စုစုပေါင်း ၁၀ သိန်း ၃ သောင်းကျော် ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
အများဆုံးလျှောက်ထားတာကတော့ ရန်ကုန်တိုင်းမှာ ခြောက်သောင်းကျော်၊ မန္တလေးတိုင်းမှာ တစ်သိန်း နှစ်သောင်းကျော်၊ ကချင်ပြည်နယ်မှာ ၇၁၀၀၀ ကျော်နဲ့ ရှမ်းပြည်နယ်မှာ ၅၈၀၀၀ ကျော်ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ မရှိပဲ တခြားနေရာတစ်ခုခုမှာ ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ခဲ့တယ်ဆိုရင် အဲဒီနေရာမှာ မဲပေးခွင့်ရဖို့အတွက် လျှောက်ထားနိုင်တာ ဖြစ်ပါတယ်။