A d v e r t i s e m e n t With Us

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု နယ်စပ်ဂိတ်ပြန်ဖွင့်

ရက်အတန်ကြာပိတ်ထားတဲ့ အိန္ဒိယ- မြန်မာ ကုန်သွယ်မှု နယ်စပ်ဂိတ်ကို  အောက်တိုဘာ ၂၄ ရက်နေ့က  ပြန်လည်ဖွင့်လိုက်ပါတယ်။ ခုလို ပြန်လည်ဖွင့်လိုက်တဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် နန်းဖာလုံကျေးရွာနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့တို့အကြား ကုန်စည်ပြန်လည် လည်ပတ်စီးဆင်းနေပြီဖြစ်ပါတယ်။ နယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် ကုန်စည်တင်ပို့မှု အများဆုံးကုန်ပစ္စည်းတွေက ကွမ်းသီးခြောက်တွေ ဖြစ်ပြီး  ကုန်တင်ကားတွေနဲ့  တရားဝင်တင်ပို့နေသလို အောက်လမ်းကလည်း ဆိုင်ကယ်ကယ်ရီတွေနဲ့ တင်ပို့နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အိန္ဒိယ -မြန်မာ  နယ်စပ်တလျောက် မဏိပူခရိုင်ထဲမှာ သူပုန်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ လက်နက်တွေအပါအ၀င် တခြားတရားမ၀င်ပစ္စည်းတွေ နယ်စပ်ဖြတ်ကျော် သယ်ယူနေကြတာတွေကြောင့်  ညမထွက်ရအမိန့်  ၆ လကြာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အိန္ဒိယ အာဏာပိုင်တွေက ဒေသခံတွေရဲ့ သွားလာမှုတွေကို ပိတ်ပင်ကန့်သတ်မှုတွေ တိုးလုပ်ထားပြီး  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း   အိန္ဒိယနိုင်ငံဘက်က ရက်အတန်ကြာ ပိတ်ထားခဲ့တာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up