Home
မြန်မာသတင်း
တိုကျိုသံရုံး၌ မဲပေးခွင့် ပြန်တောင်းခံထားသူများ ကြိုတင်မဲဆက်ပေး
ဇော်ဇော်လှိုင်
·
October 24, 2015
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ အောက်တိုဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ဆက်လက်ကျင်းပနေ ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇-၁၈ ရက်တွေက တိုကျိုသံရုံးမှာ  ကြိုတင်မဲစပေးခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင်က ပေးပို့တဲ့ မဲဆန္ဒနယ်အချို့အတွက် မဲတွေမပါဝင်ခဲ့သလို ပုံစံ ၁၅ တင်ထားပေမယ့် သံရုံးရဲ့ ဆန္ဒမဲပေးပိုင်ခွင့် အမည်စာရင်းမှာ မပါတာတွေရှိခဲ့ပါတယ်၊၊ ဒါကြောင့် မဲပေးခွင့်ရဖို့ ပြန်လည်တောင်းခံထားသူတွေထဲက မဲပေးခွင့်ရသူ ၄၆ ဦးနဲ့ တောင်ဥက္ကလာပ မြို့နယ်အပါအ၀င် ကျန်ရှိတဲ့ လွှတ်တော်နေရာတွေအတွက် ဒီကနေ့ ဆက်လက်မဲပေးခဲ့ကြတာဖြစ်ပါတယ်။ japan1ဒါပေမယ့် တိုကျိုမြို့ကနေ အလှမ်းဝေးသူတွေကတော့  ပြန်လည်လာရောက်မဲမပေးနိုင်ကြတာည်း ရှိပါတယ်။ တိုကျို အခြေစိုက် မြန်မာသံရုံးရဲ့ မဲပေးပိုင်ခွင့်စာရင်းမှာပါပြီး လာရောက်မဲမပေးသူ မဲဆန္ဒရှင် အရေအတွက် ၂၄၄ ဦးရှိတယ်လို့  တိုကျိုမြန်မာသံရုံးက ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024