A d v e r t i s e m e n t With Us

လေပေါ်တွင် သားကို ကယ်တင်လိုက်သည့် ဖခင် (သတင်းဓာတ်ပုံ)

လေယာဉ်ကနေ အလွတ်ထိုးဆင်း လေထီးခုန်ရာမှာ လေထဲ မတော်တဆဖြစ်ရပ်ကြောင့် ဒုက္ခရောက်နေတဲ့ သားကို ဖခင်က လေထဲမှာ လိုက်လံကယ်တင်နိုင်ခဲ့ပါတယ်။ ပိုလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂျန်ကပ်ဒူလပ်ခ်ျက ကျွမ်းထိုး လေထီးခုန်ရာမှာ ပတ်ချာလည်ပြီး ဘေးဖက်ကို ကျသွားခဲ့ပါတယ်။ သားဖြစ်သူ ဒုက္ခရောက်နေတယ်ဆိုတာ သဘောပေါက်တဲ့အတွက် ဖခင် မာရပ် ဒူကလပ်ချက လေယာဉ်ပေါ်က အမြန်ဆုံးခုန်ချပြီး သားကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သားနဲ့ အတူ လေထီးနဲ့ မြေပြင်ကိုအောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - CCTVNews  

A d v e r t i s e m e n t With Us

More News
Up