စည်းလုံးခြင်းအတွက် သီချင်းတပုဒ်ဖြင့် လက်ခုပ်သံညံသွားသည့် တမူးမြို့ (ရုပ်သံ)

1.9K
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အောက်တိုဘာ ၂၄ ရက်နေ့မှာ အလှပြန်ယာဉ်တွေပေါ်ကနေ တေးသီချင်းတွေ သံပြိုင်သီဆိုခဲ့ကြပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
မဲဆွယ်စည်းရုံးရေးကို အောက်တိုဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် ဦးမေတ္တာနဲ့ အငြိမ့်လူရွှင်တော်ညီအကိုတွေ ပါဝင်ခဲ့ကြပါတယ်။
အဲဒီမဲဆွယ်ပွဲမှာ အလှပြယာဉ်တွေပေါ်က စည်းလုံးခြင်းအတွက် သီးချင်းတပုဒ် အမည်ရ တေးသီချင်းကို သံပြိုင်သီဆိုခဲ့ကြပြီး ပြည်သူတွေကလည်း လက်ခုပ်သံတွေ တညံညံနဲ့ အားပေးခဲ့ကြပါတယ်။
ရုပ်သံ - Sie Thu Tun