A d v e r t i s e m e n t With Us

မလေးရှား ထိန်းသိမ်းရေးစခန်းတွင် မြန်မာကလေးငယ် ၈၀၀ ကျော် ထိန်းသိမ်းထား

Photo: dvb.no
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွေမှာ မြန်မာ ကလေးငယ် ၈၁၃ ဦး ထိန်းသိမ်းထားပါတယ်။ ဒီစခန်းတွေမှာ ထိန်းသိမ်းထားတာ ၇၁၃၆၂ ဦးရှိပြီး ဒီအထဲမှာ ကလေးငယ် ၁၉၁၈ ဦး အနက် မြန်မာကလေးငယ် ၈၀၀ ကျော် ပါဝင်နေတာလို့ မလေးရှား လွှတ်တော်ရဲ့ အကြောင်းပြန်ကြားချက်ကိုကိုးကားပြီး ချင်းလန်း ဂါးဒီးယန်းက ရေးပါတယ်။ တခြား ကလေးတွေကတော့ အင်ဒိုနီးရှား ၄၂၂၊ ဖိလစ်ပိုင် ၂၉၅၊ ကမ္ဘောဒီးယား ၁၂၁ ဦးနဲ့ တခြားနိုင်ငံက ကလေးငယ် ၂၆၇ ဦးပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီကလေးတွေရဲ့လုံခြုံရေးကို ကြည့်ရှုစစ်ဆေးစီစဉ်ပေးဖို့ အစိုးရက ဒီစခန်းတွေကို သွားရောက် လည်ပတ်သင့်တယ်လို့ လွှတ်တော်အမတ်က တိုက်တွန်းထားပါတယ်။ ဒါအပြင် ကလေးတွေဟာ သင့်တော်တဲ့ ပညာရေး၊ ကာကွယ်မှု၊ အာဟာရ ဆေးဝါးကုသမှုတွေ ရရှိနေသလားလို့လည်းအမတ်တွေက မေးခွန်းထုတ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up