Saturday, June 10, 2023
HomeLead Storyအမေရိကန်နိုင်ငံ နယူးယောက်တွင် ကြွက်သောင်းကျန်း (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယောက်တွင် ကြွက်သောင်းကျန်း (ရုပ်သံ)


အမေရိကန်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးမြို့ နယူးယောက်မှာ ဒီနှစ်အတွင်း ကြွက်သောင်းကျန်းမှု တိုင်ကြားချက် ၂ သောင်း ၄ ထောင် ရှိခဲ့တယ်လို့ အရာရှိတွေက အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။

နယူးယောက်မြို့ ထိန်းသိမ်းရေးမှူး စတော့ စထရင်ဂါက နယူးယောက်မှာ တသက်လုံး နေလာတာ ဒီလောက်ဆိုးတာ တခါမှ မမြင်ဖူးခဲ့ဘူးလို့ ပြောပါတယ်။

ကြွက်နဲ့ပတ်သက်တဲ့ တိုင်ကြားချက်က အောက်တိုဘာ ၂၁ ရက်နေ့အထိ ၂ သောင်း ၄ ထောင် ကျော်နေပြီလို့ မြို့တော်ဝန်ရုံးက ဆိုပါတယ်။

အရင်နှစ်တွေက တိုင်ကြားမှု ၂ သောင်းဝန်းကျင်ပဲ ရှိခဲ့တာပါ။

ဒါဟာ တယ်လီဖုန်းဟော့လိုင်းကို တိုင်ကြားချက် မှတ်တမ်းသာဖြစ်ပြီး မြို့တွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ လက်အောက်ခံ မြေအောက်ရထားဘူတာတွေ ဝန်းကျင်က ကြွက်နဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေကို မှတ်တမ်း မတင်ထားသေးပါဘူး။

မြို့ကျန်းမာရေးဌာနက ပန်းခြံတွေ မြေအောက်ဘူတာရုံတွေနဲ့ ရေဆိုးစွန့်စနစ်ထဲမှာ ရှိနေတဲ့ ကြွက်သိုက်တွေကို နှိမ်နင်းရေး ကနဦး အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ သန်းကို သုံးစွဲနေပါတယ်။

နောက်နောင် ကြွက်တွေ မလာနိုင်အောင် စည်ပင်ဝန်ထမ်းတွေက ကြွက်ထောင်ချောက် တပ်ဆင်တာ၊ ကြွက်တွင်းတွေကို ပိတ်တာတွေ ဒေသခံတွေနဲ့အတူ လုပ်နေပါတယ်။

မြို့ခံတွေကတော့ ကြွက်ပြဿနာ ဖြေရှင်းဖို့ ပိုပြီးလုပ်ရလိမ့်မယ်လို့ ပြောပါတယ်။

မနှစ်က ကိုလံဘီယာတက္ကသိုလ် သုတေသန ပညာရှင် တဦးက မြို့တွင်း ကြွက်ကောင်ရေကို ၂ သန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

နယူးယောက်မြို့မှာ နေထိုင်တဲ့ လူဦးရေ ၈ သန်း ရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular