Saturday, June 3, 2023
HomeLead Storyမွန်ပြည်နယ် ရေးမြို့တွင် မီးလောင်ကျွမ်း (ဓာတ်ပုံ)

မွန်ပြည်နယ် ရေးမြို့တွင် မီးလောင်ကျွမ်း (ဓာတ်ပုံ)

မွန်ပြည်နယ် ရေးမြို့ သီရိမာလာရပ်ကွက် ၁ လမ်း၊ အမှတ် ၁၈ နေ ဦးအေးသန်းရဲ့ နေအိမ်မှာ အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်လောက်မှာ မီးဖို မီးကြွင်းမီးကျန်ကတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မီးသတ်ယာဉ် ၃ စီး၊ အထောက်အကူပြု ရေသယ်ယာဉ် ၂ စီးနဲ့ ပုဂ္ဂလိက ရေသယ်ယာဉ် ၃ စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မီးငြိမ်းသွားပါတယ်။

မီးလောင်မှုကြောင့် ဓနိမိုး ပျဉ်ခင်း ပျဉ်ကာ နေအိမ် ၁ လုံးသာ လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုလည်း မရှိဘူးလို့ သိရပါတယ်။

သတင်းဓာတ်ပုံ – နေမျိုးထွဋ်

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular