A d v e r t i s e m e n t With Us

အမေရိကန် ရက်ပ်အဆိုတော် Redfoo ရန်ကုန်လေဆိပ် ရောက်ရှိ (ဓာတ်ပုံ)

International Music Festival Yangon 2015(IMF) ဖျော်ဖြေပွဲအတွက် အမေရိကန် ရက်ပ် အဆိုရှင်  Redfoo ဒီကနေ့  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပါတယ်။ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် အောက်တိုဘာလ ၂၄ ရက်မှာ ကျင်းပမယ့် International Music Festival Yangon 2015(IMF) ဖျော်ဖြေပွဲမှာ မလေးရှားနိုင်ငံက DJ အဆိုတော် Darren Ashley နဲ့ မြန်မာနိုင်ငံမှ တေးသံရှင် AR-T ၊ DJ-Y တို့နဲ့အတူ တင်ဆက်သွားမယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းများမှာ ကျပ်ငါးသောင်း၊ တစ်သိန်း၊ သုံးသိန်း၊ ငါးသိန်းနဲ့ ခုနစ်သိန်းအထိ သတ်မှတ်ထားပြီး  International Music Festival Yangon 2015(IMF) ပွဲကြီးကို Polyphonic Music & Entertainment မှ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပွဲမှ ရရှိလာတဲ့ အကျိုးအမြတ်တွေကို မြန်မာနိုင်ငံ ရေဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ပံ့ပိုးကူညီ သွားမှာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up