A d v e r t i s e m e n t With Us

လှိုင်သာယာစက်မှုဇုန် ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ (ဓာတ်ပုံ)

လုပ်အားညှစ်ထုတ်ခိုင်းစေမှုတွေနဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ မထုတ်ပြန်ခင်က ပေးထားတဲ့ အခြေခံ ခံစားခွင့်တွေ ရုပ်သိမ်းခံလိုက်ရတာတွေကြောင့် လှိုင်သာယာစက်မှုဇုန် ၄ လပ်ကီး (Lucky) ဖိနပ်စက်ရုံက အလုပ်သမားတွေ ဆန္ဒဖော်ထုတ်နေကြပါတယ်။ အရင် ကျပ် ၃၆၀၀ မထုတ်ပြန်ခင်က တရက် ဖိနပ်အရံ ၂၀ ထုတ်လုပ်ခိုင်းရာကနေ အခု အရံ ၃၀ ကို လုပ်အားညှစ်ပြီး ထုတ်လုပ်ခိုင်းလို့ အလုပ်သမားတွေက မလုပ်နိုင်တာကြောင့် အခုလို ကန့်ကွက်ဆန္ဒပြကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဆန္ဒပြအလုပ်သမား အင်အား ၃၀၀ ဝန်းကျင်ရှိပြီး အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းက စပြီး ဆန္ဒပြနေတာပါ။ ဆန္ဒမပြခင်က မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးမှာလည်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။ ဒီနေ့ထိ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကို စက်ရုံဘက်က လာရောက်ညှိနှိုင်းတာ မရှိသေးပါဘူး။ ဓာတ်ပုံ - အာကာ  

A d v e r t i s e m e n t With Us

More News
Up