A d v e r t i s e m e n t With Us

တရုတ် သမ္မတ ကားတန်းကို တိဗက် အလံဝှေ့ယမ်းပြသည့် ဗြိတိန် ၂ ဦး အဖမ်းခံရ

ဗြိတိန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင့် ကားတန်းကို တိဗက်အလံ ဝှေ့ယမ်းဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တိဗက်-ဗြိတိန် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ အောက်တိုဘာ ၂၁ ရက် ရှီကျင့်ဖျင် စီးပွားရေး ခေါင်းဆောင်တွေကို စကားပြောနေတဲ့ လန်ဒန်က အဆောက်အဦတခု အပြင်ဘက်မှာ ဖမ်းဆီးလိုက်တာလို့ ဗြိတိန် တိဗက် အသိုင်းအ၀န်းကို ကိုးကားပြီး သတင်းမှာရေးပါတယ်။ အဖမ်းဆီးခံရတဲ့ ဓာတ်ပုံတွေကိုလည်း ဒီအဖွဲ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ တိဗက်ကို ဖိနှိပ်ချုပ်ချယ်မှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသလို ရှီကျင်ဖျင့်လက်ထက်မှာ ဒလိုင်းလားမား နောက်လိုက်တွေကိုလည်း ဖိနှိပ်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့သတင်းက ရေးပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဗြိတိန်က နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ကို အာမခံနိုင်ဖို့ လူ့အခွင့်အရေး ဥပဒေကို တားမြစ်ချက်တချို့နဲ့ အတည်ပြုခဲ့ပါတယ်။ xi-in-britainတရုတ်ရဲ့ လူ့အခွင့်အရေး မှတ်တမ်းနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ ပျော့ပြောင်းတဲ့ သဘောထားကို သူရဲ့ မဟာမိတ်တွေက ဝေဖန်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up