အိုင်အက်စ် လက်တွင်းမှ ဓားစာခံ ကယ်တင်စဉ် အမေရိကန် အထူးတပ်ဖွဲ့ဝင် ကျဆုံး

TAJI, IRAQ - APRIL 12: U.S. Army trainers instruct Iraqi Army recruits at a military base on April 12, 2015 in Taji, Iraq. U.S. forces, currently operating in 5 large bases throught Iraq, are training thousands of Iraqi Army combat troops, trying to rebuild a force they had origninally trained before the U.S. withdrawal from Iraq in 2010. Members of the U.S. Army's 5-73 CAV, 3BCT, 82nd Airborne Division are teaching members of the newly-formed 15th Division of the Iraqi Army, as the Iraqi government launches offensives to try to recover territory lost to ISIS last year. (Photo by John Moore/Getty Images)
အီရတ်နိုင်ငံ မြောက်ပိုင်းက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေလက်က ဓားစာခံတွေကို ကယ်တင်ဖို့ စစ်ဆင်ရေးအတွင်း အမေရိကန် အထူးစစ်ဆင်ရေး အဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ မြေပြင်တိုက်ပွဲအတွင်း အမေရိကန်တဦး ပထမဆုံးအကြိမ် သေဆုံးမှု ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ပီတာကွခ်က အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။ "သူ သေဆုံးခဲ့ပေမယ့် စစ်ဆင်ရေးအတွင်း အီရတ် လုံခြုံရေးတပ်သား အယောက် ၂၀ ကျော် အပါအဝင် ဓားစာခံ အယောက် ၇၀ နီးပါးကို ကယ်နိုင်ခဲ့တယ်၊ အိုင်အက်စ် စစ်သွေးကြွတွေလည်း သေဆုံးပြီး ၅ ဦးကိုတော့ အီရတ်တပ်တွေက ဖမ်းခဲ့တယ်၊ အမေရိကန်ကတော့ အိုင်အက်စ်တွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ရှာတွေ့ခဲ့တယ်" လို့ သူက ဆက်ပြောပါတယ်။ အမေရိကန် အထူးစစ်ဆင်ရေးတပ်ဟာ ဓားစာခံ ကယ်ဆယ်ရေးအတွက် အီရတ်နိုင်ငံက ကာဒစ်ရှ် ပဲ့ရှ်မာဂါ တပ်တွေကို ကူညီထောက်ပံ့နေတာပါ။ ကာဒစ်စတန်ဒေသတွင်း အစိုးရရဲ့ တောင်းဆိုချက်အရ စစ်ဆင်ရေး လုပ်ခဲ့တာလို့ ကွခ်က ဆက်ပြောပါတယ်။ စစ်ဆင်ရေးအတွင်း အမေရိကန် ရဟတ်ယာဉ် ၅ စီးသုံးခဲ့ပြီး ရဟတ်ယာဉ်နဲ့ ကြိုးချ လူကယ်ထုတ်မှု ထောက်လှမ်းရေး ပံ့ပိုးမှု လေကြောင်းပစ်ကူနဲ့ အကြံပေး အတိုင်ပင်ခံ ပံ့ပိုးမှုတွေ ပါခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး အရာရှိတဦးက ပြောပါတယ်။ ဟာဝီဂျာဒေသက သတင်းရင်းမြစ်ကတော့ အထူးတပ်ဖွဲ့ဟာ အိုင်အက်စ် စစ်ဦးစီးမှူးတွေ စုရုံးနေတဲ့အိမ်ကို ဝင်စီးပြီး သေနတ်ပစ်တိုက်ပွဲတွေ၊ ပေါက်ကွဲမှုတွေ နာရီအတော်များများ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ မေလကလည်း အမေရိကန် အထူးတပ်ဖွဲ့တွေဟာ ဆီးရီးယားမှာ စီးနင်းမှုတခု ပြုလုပ်ခဲ့စဉ် တူနီးရှားနိုင်ငံက အိုင်အက်စ် အကြီးတန်းခေါင်းဆောင် အဘူ ဆေးယဲ့ဖ်ကို သတ်ခဲ့ပါသေးတယ်။ ဟာဝီဂျာဒေသဟာ တိုက်ပွဲအတွင်း ကာဒစ်ရှ် ပဲ့ရှ်မာဂါ တိုက်ခိုက်ရေးသမားတွေကို ဖမ်းခဲ့တဲ့ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အမာခံ ခြေကုပ်စခန်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up