ငါးမန်းဖြူကြီးကို လှံဖြင့်တိုက်ခိုက်သည့် အာဖရိကတံငါသည် (ရုပ်သံ)

4.5K
တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းကမ်းရိုးတန်းမှာ ငါးမန်းဖြူကြီးတကောင်ကို ရေအောက်မှာ လှံနဲ့တိုက်ခိုက်ခဲ့တဲ့ တံငါသည်တဦးရဲ့ ဗွီဒီယိုဖိုင်ကို အောက်တိုဘာ ၁၉ ရက်နေ့က ယူကျုပေါ်မှာ တင်ခဲ့ပါတယ်။
သည်းထိတ်ရင်ဖို ဇာတ်ကားတကား ကြည့်နေရသလို ခံစားရတဲ့ ဗွီဒီယိုဖိုင်ကို ဂျိုဟန်ပေါ့ဂီတာ အမည်ရတဲ့ တံငါသည်ရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကတဆင့် သြဂုတ် ၂၇ ရက်နေ့က ရိုက်ယူထားခဲ့တာလို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။
သူဟာ ငါးဖမ်းဖို့ ရေငုပ်ချိန် မှိုင်းမှုန်နေတဲ့ ရေအောက်အနက် ပေ ၆၀ မှာ အဲဒီ ငါးမန်းဖြူကို သတိပြုမိခဲ့တယ်လို့ ပြောပါတယ်။
ငါးမန်းဖြူကြီးဟာ ဒေါသထွက်နေပုံရပြီး သူက လှံနဲ့ထိုးဆွ ရန်စခဲ့ပြီးတဲ့ချိန်မှာ သူ့နောက်ကို တိုက်ခိုက်ဖို့ လိုက်လာခဲ့တယ်လို့ ဂျိုဟန်ပေါ့ဂီတာက ပြောပါတယ်။
“ကျနော့်ရှိသမျှအားနဲ့ လှံကိုပစ်လွှတ်ပြီး သူ့ကို လမ်းကြောင်းပြောင်းနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်” လို့ သူကဆိုပါတယ်။
အဲဒီနောက် သူက လှေဆီကို အလျှင်အမြန်ပြန်ခဲ့ပြီး သူ့အဖော်တွေက နောက်က လိုက်လာကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။