ဆွီဒင်စာသင်ကျောင်းတွင် ဓားကိုင်မျက်နှာဖုံးစွပ် တိုက်ခိုက်၊ ၁ ဦးသေဆုံး




A crowd gathers outside, as emergency services attend the scene of a sword attack by a masked man at the Kronan school in Trollhattan, Sweden, Thursday Oct. 22, 2015. At least six people were injured, and the offender was shot by the police. (Bjorn Larsson Rosvall / TT via AP) SWEDEN OUT
1.3K
ဆွီဒင်နိုင်ငံအနောက်ပိုင်းမှ စာသင်ကျောင်းတကျောင်းမှာ မျက်နှာဖုံးစွပ်ထားတဲ့ ဓားကိုင်လူ ၁ ဦးတိုက်ခိုက်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။
ဂေါ့သန်ဘာ့ဂ်မြို့မြောက်ဘက် လူဦးရေ ၅ သောင်းလောက်နေထိုင်တဲ့ ထရော် ဟက်တန်မြို့က စာသင်ကျောင်းမှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူနဲ့ ဒဏ်ရာရ ရှိသူ ၄ ဦးကို ဒေသတွင်း ဆေးရုံကိုပို့ထားခဲ့တာပါ။
ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးစလုံးဟာ ငယ်ရွယ်ပေမယ့် ကလေးငယ်တွေတော့ မ ဟုတ်ကြဘူးလို့ ဆေးရုံတာဝန်ရှိသူတွေက ဆိုပါတယ်။
လူနာတင်ကားတွေနဲ့ ရဲကားတွေဟာ အခင်းဖြစ်တဲ့နေရာမှာ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ်။
မျက်နှာဖုံးစွပ် ဓားသမားတဦးရောက်နေတာကို အရေးပေါ်ဖုန်းခေါ်ဆိုခဲ့အပြီးမှာ ရဲတွေရောက်လာတာဖြစ်ကာ မျက်နှာဖုံးစွပ်ဓားသမားကို ကျောင်းစားသောက်ဆိုင်တန်းအနီး ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ရဲတွေက ပြောပါတယ်။