အသက် ၆၀ ကျော် အမေရိကန်ရေကူးသမား မိကျောင်းကိုက် သေဆုံး (ရုပ်သံ)

6.6K
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က ဘလူးစပရင်းပြည်နယ် အပန်းဖြေဥယျာဉ်မှာ အသက် ၆၂ နှစ်အရွယ် ရေကူးသမားတဦးဟာ မိကျောင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဂျင်အောကာစ်အမည်ရ အဲဒီ ရေကူးသမားကို ရေငုပ်သမားတွေက တွေ့ရှိခဲ့တာလို့ အန်ဘီစီသတင်းမှာ အောက်တိုဘာ ၂၀ ရက်နေ့က ဖော်ပြပါတယ်။
ဂျင်အောကာစ်ဟာ သူငယ်ချင်းတွေနဲ့အတူ ရေကူးနေခဲ့ရင်း ပျောက်သွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။
ငါးနဲ့ တောရိုင်းတိရစ္ဆာန် စူးစမ်းလေ့လာသူတွေက ဂျင်အောကာစ်ရဲ့ ဒဏ်ရာတွေဟာ မိကျောင်းတကောင် တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ပြီး နောက်ပိုင်း ဆေးစစ်ချက်တွေအရ ဖြစ်နိုင်ချေကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါဟာ ဘလူးစပရင်းပြည်နယ် အပန်းဖြေဥယျာဉ်မှာ ၂၃ နှစ်တာကာလအတွင်း ပထမဆုံး မိကျောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာဖြစ်ပြီး အရှည် ၁၂ ပေရှိတဲ့ မိကျောင်းတကောင်ကို ငါးနဲ့ တိရစ္ဆာန်ဆိုင်ရာဌာနက နောက်ပိုင်းမှာ ပစ်သတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။