A d v e r t i s e m e n t With Us

ကားတစီးကို သွားဖြင့်ဆွဲပြသည့် အသက် ၈၀ အရွယ် အဖွားအို (ဓာတ်ပုံ)

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်၊ ဘင်ဇူးမြို့မှာ အသက် ၈၀ အရွယ် အဖွားအိုတဦးဟာ ကားတစီးကို အောက်တိုဘာ ၂၁ ရက်နေ့က သွားနဲ့ တရွတ်တိုက် ဆွဲပြခဲ့ပါတယ်။ ၀မ်ရှောင်ဘေအမည်ရ အဲဒီအဖွားအိုဟာ ပရိသတ်ရှေ့မှာ ၁ ဒသမ ၅ တန် အလေးချိန်ရှိတဲ့ SUV အမျိုးအစားကားကို သူ့ရဲ့ ခိုင်ခန့်တဲ့သွားတွေနဲ့ တရွတ်တိုက် ဆွဲပြခဲ့တာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သူဟာ အရင်က စာရင်းကိုင်တဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ သူ့မိသားစုကို သူ့ရဲ့စွမ်းရည်နဲ့ အထောက်အကူ ပြုနေနိုင်ဆဲ ဖြစ်ပါတယ်။ သူ့ရဲ့သွားတွေဟာ မာကြောလွန်းတဲ့အတွက် သစ်ကြားသီးကိုတောင် ကိုက်ခွဲနိုင်ပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

A d v e r t i s e m e n t With Us

More News
Up