ဦးဆောင်ဂိုးသွင်းပြီးမှ ရှုံးနိမ့်သွားသည့် တော့တင်ဟမ်ဟော့စပါး (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က တော့တင်ဟမ်ဟော့စပါးတို့ အောက်တိုဘာ ၂၂ ရက် ညက ယှဉ်ပြိုင်ကစားရာ အန်းဒါးလက်ခ်ျက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ စပါးအသင်းဟာ အန်းဒါးလက်ခ်ျကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး ပွဲချိန် ၄ မိနစ်မှာ အဲရစ်ဆင် (Christian Eriksen) ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အန်းဒါးလက်ခ်ျအတွက် ဂိုးတွေကို ပွဲချိန် ၁၃ မိနစ်မှာ ဂျီလက် (Guillaume Gillet) နဲ့ ၇၅ မိနစ်မှာ စတက်ဖနို အိုကာကာ ချူကာ (Stefano Okaka Chuka) တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ အသီးသီး သွင်းယူသွားခဲ့ပါတယ်။ ယူရိုပါလိဂ် အုပ်စုဂျေ အခြားပွဲစဉ်မှာတော့ မိုနာကိုက ကာရာဘက် အက်ဖ်ကေကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုပွဲစဉ် ၃ ပွဲစီ ကစားပြီးချိန်မှာတော့ ပြင်သစ်ကလပ် မိုနာကိုက ၅ မှတ်နဲ့ အုပ်စုပထမ၊ အင်္ဂလန်ကလပ် စပါးနဲ့ ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျတို့က ၄ မှတ်စီနဲ့ ဒုတိယနဲ့ တတိယ၊ အဇာဘိုင်ဂျန်ကလပ် ကာရာဘက်အက်ဖ်ကေက ၃ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up