ရွေးကောက်ပွဲကော်မရှင် ပွင့်လင်းမြင်သာမှုရှိရန် အမေရိကန်သံအမတ်တိုက်တွန်း

1.8K
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြဿနာတွေ ရှင်းလင်းတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု ရှိသင့်ကြောင်းနဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပိုမိုကြိုး စားသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ရှဲက ဒီဗွီဘီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။
ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဘာသာရေးကို လွဲမှားစွာ အသုံးချမှုအပေါ် အမေရိကန်အစိုးရက စောင့်ကြည့်နေကြောင်းနဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ လျှို့ဝှက်မဲပေးရမှာ ဖြစ်တဲ့အတွက် ကိုယ်သဘောကျသူကို ရဲရဲဝံ့ဝံ့ပေးသင့်ကြောင်းလည်း သံအမတ်ကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။
နိုင်ငံတ၀န်း ရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။