ရှုပ်ထွေးသည့် လမ်းဆုံတွင် ကြောင်ကလေးကို ဆိုင်ကယ်သမား ကယ်တင် (ရုပ်သံ)

2.7K
အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်မှ ယာဉ်သွားယာဉ်လာရှုပ်ထွေးတဲ့ လမ်းမပေါ်က မီးပွိုင့်တခုမှာ ကြောင်ကလေးတကောင်ကို မော်တော်ဆိုင်ကယ်စီးအမျိုး သမီးတဦးက အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့ပါတယ်။
အဲဒီလိုကယ်တင်ခဲ့တဲ့ ဖြစ်ရပ်ဗွီဒီယိုဖိုင်ကို အီး-၅၁၁ အမည်နဲ့အသုံးပြုသူတဦးက ယူကျုမှာတင်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးသမားရဲ့ ဦးထုတ်မှာတပ်ဆင်ထားတဲ့ ကင်မရာမှ တဆင့် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီဆိုင်ကယ်စီးအမျိုးသမီးဟာ မီးပွိုင့်မိနေစဉ် လမ်းကူးဖို့စောင့်နေခဲ့ချိန်မှာ ကြောင်ကလေးက လမ်းတဖက်ခြမ်းကမောင်းနှင်လာတဲ့ ကားတွေရှေ့လမ်းအလယ် တည့်တည့်မှာသူကတွေ့ခဲ့တာပါ။
သူဟာ ဆိုင်ကယ်ကိုရပ်ကာ လမ်းပေါ်မောင်းနှင်လာတဲ့ကားတွေကို လက်ပြရပ် တန့်စေပြီး ကြောင်ကလေးကိုကယ်တင်ခဲ့ပါတယ်။
အဲဒီကြောင်ကလေးဟာ လမ်းတဖက်ကို ကွေ့သွားတဲ့ အနီရောင်ကားပေါ်မှ ထွက်ကျကျန်ခဲ့တာဖြစ်ပြီး သူကပိုင်ရှင်ဆီကို ပြန်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါ တယ်။