A d v e r t i s e m e n t With Us

ဟန်ဂျင်းစက်ရုံအလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ရန် သဘောတူ (ဓာတ်ပုံ)

ရွှေပြည်သာ စက်မှုဇုန် ၁ ဟန်ဂျင်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေတောင်းဆိုထားတဲ့ ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ ထမင်းစရိတ်၊ ဖယ်ရီနဲ့ ကျွမ်းကျင်ရေး ကိစ္စတွေကို ဒီနေ့ ရွှေပြည်သာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးရုံး ဆွေးနွေးခဲ့ကြပါတယ်။ ဟန်ချင်းအထည်ချုပ်စက်ရုံ အလုပ်သမားများနဲ့ အလုပ်သမားဝန်ကြီးဌာန ညွှန်ချုပ်ဦးဆောင်တဲ့ အဖွဲ့တို့ ကနဦးညှိနှိုင်းမှု သဘောတူညီချက်အရ အောက်တိုဘာ ၂၃ ရက်နေ့မှာ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်ကြမယ်လို့ သိရပါတယ်။ စက်ရုံတွင်းကို ကတိခံဝန်ချက်နဲ့ တခြားအကြောင်းမဲ့ လက်မှတ်ထိုးခိုင်းတာတွေမရှိဘဲ စက်ရုံတွင်း ဝင်ရောက်ခွင့်ပြုရမယ့် သဘောတူချက် ရရှိခဲ့ပါတယ်။ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အဓိကအချက်ဖြစ်တဲ့ ကျွမ်းကျင်ကြေးကိစ္စကို အောက်တိုဘာ ၂၆ ရက်နေ့ မှာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးမှာ ထပ်မံညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အာကာ  

A d v e r t i s e m e n t With Us

More News
Up