A d v e r t i s e m e n t With Us

ထိုင်းတောင်ပိုင်း မီးခိုးငွေ့များ ထူထပ်စွာကျဆင်း

ဓာတ်ပုံ - Supapong Chaolan
အင်ဒိုနီးရှားနိုင်ငံက တောမီးခိုးငွေ့တွေက ကျန်းမာရေး ထိခိုက်တဲ့ အဆင့်ကို ရောက်ရှိပြီး ထိုင်းနိုင်ငံ ခရိုင် ၆ ခုမှာလည်း ထူထပ်စွာ ကျဆင်းနေပါတယ်။ အောက်တိုဘာ ၂၂ ရက် ဆုန်ခလာခရိုင် ဟတ်ရိုင်မှာတော့ အခြေအနေက ပိုမို ဆိုးဝါးနေတယ်လို့ ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။ စိတ်ချလုံခြုံတဲ့ ၁၂၀ မိုက်ခရိုဂရမ်ပါ ကူးဗစ်မီတာကို ကျော်လွန်နေပြီးဖြစ်တယ်လို့ လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ပါတယ်။ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေတဲ့ ခရိုင်တွေကတော့ နာရာသီဝပ်၊ ပတ်တနီ၊ ဆန်တန်၊ ဆုန်ခလာ၊ ဆုရတ်သနီနဲ့ ရာလခရိုင်တွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီက ဟတ်ရိုင်က လေထု အခြေအနေက ၃၆၀ မိုက်ခရိုဂရမ်၊ ဆန်တန်က ၂၇၆၊ ပတ်တနီမှာတော့ ၂၁၁၊ ဆုရတ် သနီမှာတော့ ၁၈၂၊ ယာလမှာတော့ ၁၆၅၊ နာရာသီဝပ်မှာတော့ ၁၂၂ အထိ အထိ ရောက်ရှိသွားပါတယ်။ ဟတ်ရိုင်ကို သွားမယ့် ထိုင်း အဲအေးရှား လေကြောင်းလိုင်းတွေကိုလည်း ထူထဲတဲ့ မီးခိုးတွေကြောင့် ၂ နာရီနီးပါး နောက်ဆုတ်ပေးခဲ့ရပါတယ်။ ဖူးခတ်ခရိုင်မှာလည်း မီးခိုးတွေ ဖုံးလွှမ်းနေပေမယ့် ၁၁၇ မိုက်ခရိုဂရမ် ရှိနေတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ လောင်ကျွမ်းနေတဲ့တောမီးတွေကြောင့် မီးခိုးတွေက ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ဖုံးအုပ်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up