A d v e r t i s e m e n t With Us

အသက် ၁၀၀ ပြည့် အဖွားအို အလုပ်ထွက်ရန် အစီအစဉ်မရှိဟုဆို (ရုပ်သံ)

လာမယ့်လအနည်းငယ်အတွင်း အသက် ၁၀၀ ပြည့်တော့မယ့် ဖယ်လီမီနာရို တန်ဒို အမည်ရ အဖွားအိုဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ဘတ်ဖဲလိုးကောလိပ် ပင်မင်းဆိုင်တဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး သူ့အနေနဲ့ အလုပ်ထွက်ဖို့အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။ ၁၉၁၅ ခုနှစ်မှာမွေးခဲ့တဲ့ အဖွားအိုဟာ အဲဒီပင်မင်းဆိုင်မှာ နှစ်ပေါင်း ၄၀ လောက် အလုပ်လုပ်နေခဲ့တာပါ။ “ကျမက ခေတ်ပျက်ကာလမှာ မွေးလာခဲ့တာပါ။ အရာရာဟာ တကယ့်ကို ဆိုးဝါး လွန်းလို့ အဲဒီအချိန်မှာဆိုရင် ၁၅ နှစ်တည်းကအလုပ်စလုပ်ကြရတယ်”လို့ သူကပြောပါ တယ်။ အသက် ၇၅ နှစ်အရွယ်ဆိုရင် ကျန်းမာရေးအရ အနားယူသင့်တဲ့အရွယ်လို့သူက ယုံကြည်ပေမယ့် သူ့အနေနဲ့ကတော့ အနာဂတ်မှာ ဆက်လုပ်နိုင်သလောက်လုပ်သွား မှာလို့ ဆိုပါတယ်။ သူက “လူတွေနဲ့ တနေ့လုံးစကားပြောရတယ်။ နည်းနည်းတော့ပင်ပန်းတယ်။ ဒါပေမယ့် ကျမ မနက်စောစောထတယ်။ အလုပ်လုပ်တယ်။ ဒါက တခုခုရနေတာပါပဲ။ ခု ကျမအလုပ်လုပ်နေတယ်။ ဒီနေရာမှာရှိနေတယ်။ ဘယ်အချိန်သေမလဲဆိုတာ မသိနိုင် သေးပါဘူး။ ကျမလမ်းလျှောက်နိုင်တဲ့အချိန်ထိလုပ်သွားမှာပါ”လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up