A d v e r t i s e m e n t With Us

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားအကြိုညီလာခံ ရန်ကုန်တွင် ကျင်းပ

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားအကြိုညီလာခံကို ရန်ကုန်မြို့မှာရှိတဲ့ ယုဒသန်ခန်းမမှာ ကျင်းပနေပြီး အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။ အဲ့ဒီညီလာခံကို ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပေါ်ပေါက်လာရေး၊ ပိုမိုကောင်းမွန်သော လယ်ယာမြေဥပဒေပေါ်ပေါက်လာရေးဆိုတဲ့ အဓိကရည်ရွယ်ချက် ၂ ခုနဲ့ ကျင်းပတာဖြစ်တယ်လို့ အကြိုညီလာခံကျင်းပရေးကော်မတီမှာ ဦးစည်သူကပြောပါတယ်။ အခုတောင်သူလယ်သမား အကြိုညီလာခံကိုတော့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က တောင်သူလယ်သမားတွေအပြင် တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေ ၂၀၀ ဝန်းကျင်လောက် တက်ရောက်နေကြတာပါ။ ဓာတ်ပုံ - ကျော်ဇေယျာဝင်း  

A d v e r t i s e m e n t With Us

More News
Up