A d v e r t i s e m e n t With Us

နိုင်ငံတကာ စန္ဒရားတီးပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ပထမဆု ဆွတ်ခူး

ပထမဆုဆွတ်ခူးသွားသည့် တောင်ကိုရီးယားနိုင်ငံသား ဆန်ဂျင်ချို။ (ဓာတ်ပုံ - အီးပီအေ)
ပိုလန်နိုင်ငံ ၀ါဆောမြိ့တော်မှာ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် ချောပင် နိုင်ငံတကာ စန္ဒရားတီးပြိုင်ပွဲမှာ ကိုရီးယားလူငယ်တဦးက ပထမဆု ဆွတ်ခူးသွားပါတယ်။ အခုနှစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ က လူငယ် ၇၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြပြီး အသက် ၂၁ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား ဆန်ဂျင်ချို (Seong-Jin Cho) က ပထမဆု ရရှိခဲ့တယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့က ကြေညာခဲ့တာပါ။ ဆန်ဂျင်ချိုဟာ အခုလိုပြိုင်ပွဲမှာ ပထမဆုကို ပထမဆုံးရရှိတဲ့ ကိုရီးယားနိုင်ငံသားဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၃၆၀၀ ရရှိခဲ့ပါတယ်။ ဒုတိယဆုကို ကနေဒါနိုင်ငံသားတဦးနဲ့ တတိယဆုကို အမေရိကန်နိုင်ငံသူတဦးက ရရှိသွားပါတယ်။ ဆန်ဂျင်ချိုက ဒီလိုအဆင့်မြင့်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ သူ့ရဲ့အိပ်မက်ဖြစ်ခဲ့ပြီး ပထမဆု ရရှိခဲ့တဲ့အတွက်လည်း မယုံကြည်နိုင်အောင်ပါပဲလို့ ဆုကြေညာအပြီး သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဒီ ချောပင် နိုင်ငံတကာ စန္ဒရားတီးပြိုင်ပွဲဟာ ပိုလန်ဂီတနဲ့ သီချင်းရေးဆရာ ချောပင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၅ နှစ်တကြိမ် ကျင်းပပြီး ကမ္ဘာ့ဂုဏ်သိက္ခာအမြင့်ဆုံး ဂန္ထ၀င်စန္ဒရားအတီးပြိုင်ပွဲအဖြစ် လက်ခံထားကြတာပါ။ ဒီပြိုင်ပွဲမှာ ချောပင် တဦးတည်း ရေးစပ်သီကုံးခဲ့တဲ့ သီချင်းတွေကို သီတင်း ၃ ပတ်ကြာ ယှဉ်ပြိုင်တီးခတ်ကြရတာ ဖြစ်ပါတယ်။ ချောပင် နိုင်ငံတကာ စန္ဒရားတီးပြိုင်ပွဲကို ၁၉၂၇ ခုနှစ်က စတင်ကျင်းပခဲ့ပြီး အခုနှစ်မှာ ပြိုင်ပွဲသက်တမ်း ၈၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up