A d v e r t i s e m e n t With Us

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအစည်းအဝေး ရန်ကုန်တွင် ကျင်းပ (ဓာတ်ပုံ)

၂၈ ကြိမ်မြောက် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှုဆောင် အစည်းအဝေးကို ချက်ထရီယမ်ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်နေပါတယ်။ အခမ်းအနားကို အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆန်းဦး တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။ ဒီအစည်းအဝေးမှာ ၁၅ ကြိမ်မြောက် စစ်မှုထမ်းဟောင်းအဖွဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေကို အတည်ပြုခဲ့ပြီး ၁၆ ကြိမ်မြောက် ညီလာခံအတွက် တိုင်ပင်ဆွေးနွေးခဲ့ ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up