ပိုလန် ဘောလုံးပရိသတ်များ ခိုက်ရန်ဖြစ်၊ ရဲက ၄ ဦးကို ဖမ်းဆီး (ရုပ်သံ)

808
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က လူတဦး ဒဏ်ရာရခဲ့တဲ့ ဘောလုံးပရိသတ်တွေရဲ့ ရန်ပွဲကနေ လူ ၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
မန်စီးတီး မြို့လယ်ခေါင် အိတ်ချိန်းစကွဲက စင့်ကလဲယား အော်စတာ အရက်ဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု သံသယနဲ့ ပိုလန်ဘောလုံးပရိသတ်တွေကို ဖမ်းဆီးခဲ့တာလို့ မန်စီးတီး ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒဏ်ရာရသူတဦးကို အခင်းဖြစ်တဲ့နေရာမှာ ကုသပေးခဲ့ပြီး ပရိသတ်အဖွဲ့ကတော့ အရာရှိတွေ ရောက်လာတာနဲ့ လူစုကွဲသွားတယ်လို့ ဆိုပါတယ်။
ပိုလန်ပရီသတ် ၃ ဦးကို ဖမ်းဆီးထားတဲ့နေရာနဲ့ မနီးမဝေးက စားသောက်ဆိုင်နားမှာ ပုန်းနေတဲ့ လူတဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ မန်ချက်စတာစီးတီးနဲ့ စပိန်ကလပ် ဆီဗီးလားတို့ ချန်ပီယံလိဂ်ပွဲ မကစားခင်မှာ အခုလို ပြဿ နာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ပါဝင်တဲ့သူတွေက ပိုလန် ၀ရိုကောကလပ်အသင်း ၀တ်စုံတွေကို ၀တ်ဆင်ထားတယ်လို့ ပြောပါတယ်။