ဓားပြကို သွေးအေးအေးဖြင့် တုံ့ပြန်ခဲ့သည့် တရုတ်စားပွဲထိုးမလေး

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်၊ ဒေါင်ဂွမ်းမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က လည်ပင်းကို ဓားနဲ့ထောက်ပြီး ဓားပြတိုက်သူတဦးကို သွေးအေးအေးနဲ့ ပြောကြားခဲ့တဲ့ စားပွဲထိုးမလေးရဲ့တုံ့ပြန်စကားဟာ အင်တာနက်စာမျက်နှာပေးမှာ ရေပန်းစားနေပါတယ်။ အသက် ၂၀ အရွယ် ရင်အမည်ရတဲ့ အဲဒီစားပွဲထိုးမလေးဟာ ဒေသတွင်းစား သောက်ဆိုင်တခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး အသက်အန္တရာယ် နဲ့ ရင်ဆိုင်ရပြီး ခြိမ်း ခြောက်ခံရချိန်မှာ ‘ကောင်းပြီလေ။ ဘာအပေးအယူမှမရှိဘူး။ ဘာကြောင့်သေရမှာကို ကြောက်ရမှာလဲ’ လို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီလိုအခြေအတင်ဖြစ်နေမှုဟာ မိနစ် ၉၀ လောက်ကြာခဲ့ပြီး ရင်ရဲ့ ခုလိုတုံ့ပြန် ပြောဆိုမှုကြောင့် အခြေအနေကို ထိန်းထားနိုင်ခဲ့ပြီး ဓားပြတိုက်သူကို ပစ်ခတ်ဖမ်းဆီးဖို့ အခွင့်အရေးရရှိခဲ့တယ်လို့ ရဲတွေက ဒေါင်ဂွမ်းနေ့စဉ်သတင်းကို ပြောခဲ့ပါတယ်။ အဲဒီသတင်းကို အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ချိန်မှာ သူ့ရဲ့ တုံ့ပြန်စကားဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး အေးစက်စက်တုံ့ ပြန်တတ်တဲ့ သူ့အပြုအမူကြောင့် တချို့က ခုထက်ပိုပြီး ဂရုစိုက်သင့်တယ်လို့ ပြောဆိုကြပါတယ်။ တရုတ်နိုင်ငံ လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ ဝေဘိုအသုံးပြုသူတဦးက “တခါတုန်းက အမျိုးသမီးတယောက်ကို ဓားပြက ခေါင်းကိုသေနတ်နဲ့ချိန်ထားချိန်မှာ သူက အော်ပြီး ‘ပစ်လိုက်စမ်းပါ’လို့ ရဲရဲရင့်ရင့်တုံ့ပြန်လိုက်တယ်။ တကယ်ပဲ အဲဒီဓားပြက သူ့ကို ပစ်သတ်လိုက်တယ်။ လူတွေဟာ ခက်ခဲတဲ့အခြေအနေတွေ ကြုံရချိန်မှာ ကိုယ်ပြန် ပြောမယ့်စကားအတွက်၊ ကိုယ်ရဲရင့်တယ်ဆိုတာပြဖို့အတွက် နှစ်ကြိမ်လောက် စဉ်းစားသင့်တယ်။ အဲလိုအခြေအနေဟာ တကယ့်ကို အရေးကြီးတဲ့အချိန်ပါပဲ” လို့ သူ့ရဲ့ စာမျက်နှာမှာ ရေးသားထားပါတယ်။ ဓာတ်ပုံ - CCTVNews  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up