မိချောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြသူ ၁၃ ဦးကို ထောင် ၄ လချ (ဓာတ်ပုံ)
DVB
·
October 22, 2015
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့တဲ့ မိကျောင်းကန်ပြည်သူ ၁၃ ဦးအား ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထောင် ဒဏ် ၄ လစီချမှတ်ခဲ့ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်း ကန်ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လက သပိတ်စခန်းဖွင့် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သပိတ်စခန်းဖြိုခွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။