မြို့ကြီးသုံးမြို့ ဗုံးဖောက်သူ ၃ ဦးကို အစိုးရထုတ်ပြန်
DVB
·
June 29, 2011
ဒီလ ၂၄ ရက်နေ့က အစိုးရရုံးစိုက်ရာ နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာ ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲမှုသုံးခုကို ပူးပေါင်းဆောင် ရွက်ကြသုံးဦးရဲ့ နာမည်စာရင်းကို အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီလူတွေ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ဖမ်းမိအောင် ကူညီကြပါလို့ ပြည်သူတွေကို မေတ္တာရပ် လိုက်ပါတယ်။
ဒီသုံးဦးဟာ အသက် ၂၅ နှစ်အရွယ် စိုင်းဆမ်၊ စိုင်းအိုက်နဲ့ စိုင်းကျော်မြင့်ဦးတို့ ဖြစ်ပြီး အိမ်ငှားစရိတ်အပါအဝင် နေရာသုံးခုစလုံးရဲ့ ပေါက်ကွဲမှုအတွက် စုစုပေါင်း သိန်း (၁၀၀) ကျော် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ကားတစီး နေအိမ် နှစ်လုံး ပျက်စီးခဲ့ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။