A d v e r t i s e m e n t With Us

နယူးမက္ကဆီကို လမ်းမပေါ် ကလေးတဦး အကြမ်းဖက်ပစ်သတ်ခံရ(ရုပ်သံ)

နယူးမက္ကဆီကိုမြို့တမြို့ဖြစ်တဲ့ အယ်လ်ဘာကာကီမြို့ လမ်းမပေါ်မှာ အောက်တိုဘာ ၂၀ ရက်နေ့က ၄ နှစ်အရွယ် ကလေးငယ်တဦး အကြမ်းဖက်ပစ်သတ်ခံခဲ့ရတယ်လို့ အန်ဘီစီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီကလေးငယ်ဟာ မိဘတွေနဲ့အတူ အဲဒီနေ့ နေ့လယ်ပိုင်း ၀က်စ်ဘောင်း အဝေးပြေးလမ်းမကြီးပေါ်မှာ ကားနဲ့ခရီးသွားနေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ ခုချိန်ထိ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ  ရဲတွေကတော့ မျက်မြင်သက်သေတွေက အမျိုးမျိုးထွက်ဆိုကြတယ်လို့ သတင်းက ဆိုပါတယ်။ အယ်လ်ဘာကာကီမြို့ ရဲဌာန ရဲချုပ် ဂေါ်ဒန်ဧဒင်က “ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျနော်တို့ကို ကူညီပေးဖို့၊ ဒီပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေပါ ပူးပေါင်းပါဝင်လာဖို့ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။ ကားထဲမှာပါဝင်တဲ့ အဲဒီမိသားစုကို လောလောဆယ် ဆေးရုံကို ပို့ဆောင်ထားပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို ဖမ်းမမိသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up