ဆူညံစွာမောင်းလာသည့် ဆိုင်ကယ်သမားကို ဆင်အုပ်ကတိုက်ခိုက် (ဓာတ်ပုံ)






10.6K
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ခိုရတ်မြို့၊ ခိုရိုင်အမျိုးသားဥယျာဉ်အနီးက လမ်းမတခုပေါ်မှာ ဆူညံကျယ်လောင်စွာ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်သမားကို ဆင်အုပ်က တိုက်ခိုက်မှုတခု ဖြစ်ခဲ့တယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီဆိုင်ကယ်သမားဟာ ဆိုင်ကယ်ကို ဖြေးဖြေးပဲ မောင်းနှင်လာခဲ့တာဖြစ်ပြီး ဆင်အုပ်ကို ကြိုတင်သတိမထားမိဘဲ မိနစ်ပိုင်းလောက်စောပြီး တိုက်ခိုက်ခံခဲ့ရတာပါ။
ဆင်တွေဟာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ကာ သူ့ဆီကို တဟုန်ထိုး ၀င်ရောက်တိုက်ခိုက်ခဲ့ကြပြီး သူ့ကို ဆိုင်ကယ်ပေါ်မှ တွန်းထုတ်ကာ ဒေါသတကြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
သူ့အနေနဲ့ ဆင်တွေရဲ့ တိုက်ခိုက်မှုကနေ လွတ်အောင် ထွက်ပြေးခဲ့ရတာဖြစ်ပြီး ဆင်တွေရဲ့ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ကယ်ကိုတော့ ပြန်မရခဲ့ပါဘူး။
အဲဒီအဖြစ်အပျက်အတွက် အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေက တခုခုဆိုးဆိုးဝါးဝါးမဖြစ်ခင် ခိုရိုင် အမျိုးသားဥယျာဉ်အနားမှာ ဆိုင်ကယ်စီးနင်းခွင့်ကို တားဆီးရလိမ့်မယ်လို့ မှတ်ချက်ပြုထားပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ