ချန်ပီယံလိဂ်ပွဲစဉ် နာကျင်အချိန်ပို သွင်းဂိုးဖြင့် မန်စီးတီး အနိုင်ရ (ရုပ်သံဟိုက်လိုက်)

5K
ဥရောပ ချန်ပီယံလိဂ် အုပ်စု ဒီ ပွဲစဉ် ၃ အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ ဆီဗီလာတို့ အောက်တိုဘာ ၂၁ ရက်ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပွဲချိန် မိနစ် ၃၀ မှာ ပီအက်စ်ဗွီအတွက် Yevheniy Konoplyanka က အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၃၆ မိနစ်မှာ မန်စီးတီး တိုက်စစ်မှူး ဘိုနီ ပိတ်သွင်းတဲ့ဘောလုံး ဆီဗီလာ နောက်ခံလူနဲ့ထိပြီး ဂိုးဝင်သွားလို့ မန်စီးတီး ချေပဂိုး ရသွားတာာပါ။
မန်စီးတီးအတွက် အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ပထမမိနစ်မှာ ကီဗင် ဒီဘရုန်းက သွင်းယူပေးခဲ့ပါတယ်။
အုပ်စု ဒီ တခြားပွဲစဉ်ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ မိုချန်ဂလာဘတ်တို့ပွဲမှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ပဲ သရေကျသွားပါတယ်။
အုပ်စု ဒီမှာ ၃ ပွဲစီ ကစားပြီးတဲ့အချိန် ဂျူဗင်တပ်က ၇ မှတ်နဲ့ အုပ်စုပထမ၊ မန်စီးတီးက ၆ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဆီဗီလာက ၃ မှတ်နဲ့ အုပ်စု တတိယ၊ မိုချန်ဂလာဘတ်က ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။