A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်ပွဲစဉ် စီအက်စ်ကေအေ ၁ – ၁ မန်ယူ (ရုပ်သံဟိုက်လိုက်)

ဥရောပ ချန်ပီယံလိဂ် အုပ်စု ဘီ ပွဲစဉ် ၃ အဖြစ် စီအက်စ်ကေအေ မော်စကိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ အောက်တိုဘာ ၂၁ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ မန်ယူအသင်းက ကျောနံပါတ် ၉ မာရှယ် စီအက်စ်ကေအေရဲ့ တိုက်စစ်ကို ဟန့်တားရင်း ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိလို့ ပယ်နယ်တီအပေးခံခဲ့ရပါတယ်။ အဲဒီပယ်နယ်တီကို စီအက်စ်ကေအေအသင်းက အဲရာမန်ဒီ ကန်သွင်းရာ မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ပေမယ့် စီအက်စ်ကေအေ ကစားသမား ဒေါင်ဘီယာက ပြန်ပိတ်သွင်းသွားခဲ့လို့ မန်ယူ အဖွင့်ဂိုး ပေးလိုက်ရတာပါ။ ပွဲချိန် ၆၅ မိနစ်မှာတော့ မန်ယူအသင်း တိုက်စစ်ဆင်လာပြီး ညာတောင်ပံက ဗလင်စီယာ ဂိုးရှေ့အမြောက်ကန်တင်ပို့တာကို မန်ယူတိုက်စစ်မှူး မာရှယ်က ခေါင်းတိုက်သွင်းယူခဲ့လို့ ချေပဂိုး ရရှိသွားပါတယ်။ ဒီနောက် နှစ်သင်း အပြန်အလှန် တိုက်စစ်ဆင် ကစားပေမယ့် ဂိုးထပ်မသွင်းနိုင်လို့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။ အုပ်စု ဘီ အခြားပွဲစဉ်ဖြစ်တဲ့ ၀ုဖ်နဲ့ ပီအက်စ်ဗွီတို့ ပွဲစဉ်မှာတော့ ၀ုဖ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုမှာ ၃ ပွဲစီ ကစားပြီးချိန်မှာတော့ ၀ုဖ်က ၆ မှတ်နဲ့ အုပ်စု ပထမ၊ စီအက်စ်ကေအေနဲ့ မန်ယူက ၄ မှတ်စီနဲ့ အုပ်စု ဒုတိယနဲ့ တတိယ၊ ပီအက်စ်ဗွီက ၃ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up