မက္ကဆီကိုတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် ဆေးရုံတင် (ရုပ်သံ)

မက္ကဆီကိုမြို့တော် အရှေ့တောင်ဘက် မိုင် ၅၀ အကွာက ပိုပိုကာတယ်ဘဲလ် (Popocatepetl) မီးတောင်ဟာ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေ အမြင့်မီတာ ၈၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပါတယ်။ မီးတောင်ပြာရှူရှိုက်မိပြီး ဒေသခံ ၄၂ ဦး ဆေးရုံတင်ထားရတယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒီမီးတောင်ဟာ ပြီးခဲ့တဲ့လတွေအတွင်း လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ မက္ကဆီကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံဟာ မီးတောင်အလုံး ၃၀၀၀ ကျော်ရှိပြီး ၁၄ လုံးပဲ မီးတောင်ရှင် ဖြစ်ပါတယ်။

More News
Up