ဘယ်လ်ဂျီယံတွင် ကုန်တင်နှင့် ဆီတင် သင်္ဘောကြီး ၂ စီးတိုက်မိ (ရုပ်သံ)

ဘယ်လ်ဂျီယံကမ်းလွန်မှာ နယ်သာလန်နိုင်ငံပိုင် ကုန်တင်သင်္ဘောတစီးနဲ့ မာရှယ်ကျွန်းစု အလံလွှင့် ဆီတင်သင်္ဘောတို့ အောက်တိုဘာ ၂၁ ရက်နေ့က တိုက်မိကြပြီး သင်္ဘောသား ၁၁ ဦးကို ကယ်ဆယ်ထားတယ်လို့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ပြောပါတယ်။ သံနဲ့ ၀န်ချီစက်ပစ္စည်း ကုန်ချိန်တန် ၃၀၀၀ ကျော် တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောကတော့ ရေမီတာ ၁၃၀ အနက်မှာ တခြမ်းစောင်း နစ်မြုပ်နေပြီး သူနဲ့တိုက်မိလို့ အနည်းငယ်ပျက်စီးသွားတဲ့ ဆီတင်သင်္ဘောကိုတော့ အနီးဆုံးက ဆေးဗရုကာ ဆိပ်ကမ်းကို ဆွဲသွားခဲ့ပါတယ်။ ဆီတန်ချိန် အားလုံး တန် ၂၀၀ လောက် တင်ဆောင်ခဲ့ပြီး ၃ ကီလိုမီတာအရှည် ဆီယိုဖိတ်မှု ၂ ခုလည်း ဖြစ်ခဲ့ပါတယ်။ လူသေဆုံးမှုတော့ မရှိပေမယ့် သင်္ဘောကပ္ပတိန်တဦးနဲ့ နောက်တဦးကိုတော့ ဆေးရုံတင်ထားရပါတယ်။ တိုက်မိခဲ့တဲ့နေရာဟာ ဥရောပရဲ့ ရေလမ်းကြောင်း ရှုပ်ထွေးတဲ့ ဘယ်လ်ဂျီယံ၊ အန့်ဝပ် (Antwerp) ဆိပ်ကမ်းနဲ့ နယ်သာလန်နိုင်ငံ၊ ရော့တာဒမ် (Rotterdam) ဆိပ်ကမ်း ၂ ခုကြားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up