ထားဝယ်-ကန်ချနဘူရီလမ်း ရွေးကောက်ပွဲပြီးမှ ဖောက်နိုင်မည်
DVB
·
October 21, 2015

ထိုင်းနိုင်ငံ ကန်ချနဘူရီနဲ့ မြန်မာ ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မယ့်လမ်း ဖောက်လုပ်ဖို့ အဆိုပြုထားတာကို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးမှ ဖောက်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
၁၃၄ ကီလိုမီတာရှည်တဲ့ ဒီလမ်းဟာ ၄ ဒသမ ၅ ဘီလီယံဘတ် ကုန်ကျမှာဖြစ်ပြီး အရင်က လေးငါးနာရီ သွားရောက်ရတဲ့ ကန်ချနဘူရီနဲ့ ထားဝယ်ကို ၂ နာရီနဲ့ သွားရောက်နိုင်မယ်လို့ အိမ်နီးချင်းနိုင်ငံများနဲ့ စီးပွားရေးဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (နီဒါ) ဥက္ကဋ္ဌ နယူဝင်းဆင်ဆီရီက ပြောပါတယ်။
အခုချိန်မှာ ဒီလမ်းဟာ နွေရာသီပဲ အသုံးပြုနိုင်ပေမယ့် တည်ဆောက်ပြီးရင်တော့ နောင်မှာ ရာသီမရွေး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
စီမံကိန်းကို ထိုင်းဘဏ္ဍာရေး ၀န်ကြီးဌာနက အတည်ပြုထားပြီး ဖြစ်သလို နီဒါနဲ့ ၀န်ကြီးဌာနက ငွေကြေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရက လမ်းအတွက် ငွေကြေးထုတ်ပေးရမှာဖြစ်ပြီး အဲဒီအတွက် အစိုးရက သဘောတူညီလိုက်ရင် လမ်းအသုံးပြုသူတွေက လမ်းအသုံးပြုခကို ပေးရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ပြီး နီဒါက ၁၄ ဒသမ ၄ ဘီလီယံဘတ် အသုံးပြုပြီး သုတေသန စီမံကိန်း ၆၀ လုပ်ဆောင်ထားပါတယ်။