A d v e r t i s e m e n t With Us

ရေမြင်းအုပ်စု နှင့် ငါးမန်းတကောင်တို့၏ သည်းထိတ်ရင်ဖိုတိုက်ပွဲ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ၊ ခွာဇူးလူးနေတဲလ်ကမ်းရိုးတန်းမှာ ရေမြင်းအုပ်စုနဲ့ ငါးမန်း တကောင်တိုက်ခိုက်ခဲ့တာကို မှတ်တမ်းတင်ထားခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အောက်တိုဘာလ ၂၀ ရက်နေ့က အင်္ဂလန်နိုင်ငံ အခြေစိုက် မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။ အဲဒီဒေသက အစ်ဆီမန်ဂလီဆို ရွှံ့နွံတောရေတိမ်ဒေသဥယျာဉ်အတွင်း ဖြစ်ခဲ့တဲ့ ဒီဗွီဒီယိုဖိုင်မှာ အပြန်အလှန်တိုက်ခိုက်နေတာတွေကို တွေ့ရမှာပါ။ အဲဒီငါးမန်းဟာ ရေမြင်းအုပ်စုဆီကို မိုက်ရူးရဲဆန်ဆန်တိုးဝင်လာခဲ့ချိန်မှာ ပြန် လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သည်းထိတ်ရင်ဖိုဆန်တဲ့ အဲဒီတိုက်ပွဲကို ဧည့်လမ်းညွှန်တဦး ဖြစ်တဲ့ စတေစီဖာရဲက မှတ်တမ်းတင်ရိုက်ကူးခဲ့တာလို့ သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up