A d v e r t i s e m e n t With Us

မောင်းမကန်ကမ်းခြေမှာ ခေတ်စားလာသည့် ဒရုန်းလေယာဉ် (ဓာတ်ပုံ)

ကောင်းကင်ဓာတ်ပုံရိုက်ဖို့ အပျော်တမ်းလေ့ကျင့်ပျံသန်းဖို့ အသုံးပြုတဲ့ မောင်းသူမဲ့လေယာဉ် Drone (ဒရုန်း) ၀ါသနာရှင်တွေ အခု လပိုင်းအတွင်း တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ပေါ်ထွက်လာပါတယ်။ အများစုက မောင်းမကန်ကမ်းခြေဘက်မှာ ပျံသန်းလေ့ရှိကြပြီး ပြီးခဲ့တဲ့နှစ် ထားဝယ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ထိုင်း- မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲတော်မှာ ကျယ်ကျယ်ပြန့်ပြန့် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေက မြန်မာနိုင်ငံအချို့ နေရာတွေမှာ လေယာဉ်ငယ်တွေ ပျံသန်းဖို့ အကန့်အသတ်တွေ ရှိခဲ့တာကြောင့် ၀ါသနာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုခဲ့ကြပေ။ မောင်းသူမဲ့လေယာဉ် ဈေးနှုန်းကတော့ သုံးသောင်းလောက်ကနေ ၁၅ သိန်း လောက်အထိ ရှိတယ်လို့ သိရပါတယ်။ တချို့က ရန်ကုန်ကနေ ၀ယ်တာမျိုးရှိသလို တချို့ကလည်း နယ်စပ်ကနေ မှာသွင်းလာတာဖြစ်ပြီး ဒီပစ္စည်းရောင်းတဲ့ဆိုင်မျိုးတော့ ထားဝယ်မှာ သီးသန့်မရှိသေးပါဘူးလို့ ၀ါသနာရှင်တဦးက ပြောပါတယ်။ Phantom ၀ါသနာရှင်တစ်ဦးကဆိုသည်။ အခုအခါ လေကြောင်းဝါသနာရှင်လူငယ်တွေဟာ မောင်းသူမဲ့ လေယာဉ်ငယ်လေးတွေကို ကိုယ်တိုင်ပြုလုပ်သူတွေ ရှိလာပြီး တနင်္သာရီတိုင်း မြိတ်မြို့မှာလည်း စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သတင်း - ဖိုးဇော်(ထားဝယ်) ဓာတ်ပုံ - မျိုးသူ [gallery ids="117653,117654,117655,117656"]

A d v e r t i s e m e n t With Us

More News
Up