A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် တာချီလိတ်မြို့သို့ ရောက်ရှိ (ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောဖို့အတွက် ဒီနေ့ မနက်ပိုင်း ရောက်ရှိလာခဲ့ပါတယ်။ ရန်ကုန်ကနေ တာချီလိတ်ကို လေကြောင်းခရီးကနေ လာရောက်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ လူထုဟောပြောပွဲ ပြုလုပ်မှာပါ။ အဲဒီနောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျိုင်းတုံမြို့ကို ခရီးဆက်ပြီး ဟောပြောပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းခရီးစဉ် အပြီးမှာ ရှမ်းပြည်ဘက်ကို မဲဆွယ်စည်းရုံးခရီး ထွက်လာတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ကိုဇက်  

A d v e r t i s e m e n t With Us

More News
Up