ဆီးရီးယား လေကြောင်းထိုးစစ်တွင် ထိပ်တိုက်မတွေ့ရေး ရုရှား-အမေရိကန် သဘောတူ

3K
ဆီးရီးယားနိုင်ငံမှာ လေကြောင်းထိုးစစ်တွေ ဆင်နွှဲနေတဲ့ ရုရှားနဲ့ အမေရိကန်တို့ ထိပ်တိုက်မတွေ့အောင် ရှောင်လွှဲဖို့ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ နှစ်နိုင်ငံလုံးက အောက်တိုဘာ ၂၀ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့တပတ်မှာ နှစ်နိုင်ငံလုံးက တိုက်လေယာဉ်တွေ တနေရာတည်းမှာ လာရောက်ပစ်ခတ်မိခဲ့ကြပြီး တစီးနဲ့တစီး မိုင်အနည်းငယ်အကွာက ဖြတ်သန်းခဲ့ကြတာပါ။
ရုရှားလေတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းကစပြီး ဆီးရီးယားက အိုင်အက်စ်တွေကို ထိုးစစ်ဆင်မယ်ဆိုပြီး ၀င်ရောက်လာပြီးကတည်းက နှစ်နိုင်ငံပစ်မှတ်တွေ မရောဖို့ ဆွေးနွေးဖို့ ကြိုးစားခဲ့ကြတာပါ။
သဘောတူညီမှု အသေးစိတ်ကို လျှို့ဝှက်ထားဖို့ ရုရှားနိုင်ငံက တောင်းဆိုထားပြီး ရည်ရွယ်ချက်ကတော့ လေကြောင်းစစ်ဆင်ရေးတွေအတွက် နှစ်နိုင်ငံတပ်တွေ အချင်းချင်း ဆက်သွယ်ညှိနှိုင်းရေး အထူးလမ်းကြောင်း ဖွင့်ထားတယ်လို့ ပင်တဂွန်ပြောခွင့်ရ ပီတာကွပ်က ပြောပါတယ်။
ဒါပေမယ့် နှစ်နိုင်ငံ ထောက်လှမ်းရေး အချက်အလက်တွေ ဖလှယ်မှာတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
နှစ်နိုင်ငံ တိုက်လေယာဉ်တွေ အန္တရာယ်ကင်းနိုင်မယ့် အကွာအဝေးက ပျံသန်းဖို့လည်း သဘောတူထားကြပါတယ်။