A d v e r t i s e m e n t With Us

မုံရွာမြို့ အလက ၄ ကျောင်း ၀ရန်တာပြိုကျ

ဓာတ်ပုံ - အမ်အိုအိုင်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ အထက(ခွဲ) အလက ၄ မှာ ၀ရန်တာ ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက် မနက်က နှစ်ထပ်နံကပ်သွပ်မိုး ကျောင်းဆောင်ရဲ့ မျက်နှာစာ ဘယ်ဘက်ခြမ်း ဝရန်တာ နိမ့်ဆင်းပြိုကျမှု ဖြစ်ပွားခဲ့တာပါ။ ဒီကျောင်းကို ၁၉၉၄-၉၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ အပြီးသတ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ကျောင်းဆောင်ရဲ့ အပေါ်ထပ် ဝရန်တာဆင့် အောက်ခံအုတ်နံရံနဲ့ ကပ်လျက်ခါးပန်းကို ထိန်းထားတဲ့ ခြောက်မူးလုံး သံချိတ်ကွေးပြီး ဝရန်တာ ဘယ်ဘက်ခြမ်း နိမ့်ဆင်းသွားတာဖြစ်ပြီး ဝရန်တာတခုလုံး နိမ့်ဆင်းသွားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျောင်းသား ကျောင်းသူတွေ ပထမနှစ်ဝက် အင်္ဂလိပ်စာဘာသာ အစမ်းစာမေးပွဲဖြေဆိုဖို့ ရောက်ရှိနေချိန် စာမေးပွဲမစခင် မိနစ် ၂၀ လောက်အလိုမှာ ၀ရန်တာ ပြိုကျသွားတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်နေရာကို တိုင်းဒေသကြီး တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့၊ မီးသတ်တာဝန်ရှိသူတွေ ရောက်လာပြီး ကူညီကယ်ဆယ်ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာသူ မရှိဘဲ စာမေးပွဲကိုလည်း တရက်ထပ်ဆုတ်ခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up