A d v e r t i s e m e n t With Us

ပလာတီနီ-ဘလတ္တာ ငွေကြေးကိစ္စ အကျိုးစီးပွား ပဋိပက္ခဖြစ်ဟု ဖီဖာပြော

ဓာတ်ပုံ - ရိုက်တာ
ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအဖခက်ဖ်အေ) ဥက္ကဋ္ဌ ပလာတီနီကို ပေးလိုက်တဲ့ ငွေကြေးက အကျိုးစီးပွား ပဋိပက္ခ ဖြစ်တယ်လို့ ဖီဖာစာရင်းစစ် ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ဘလတ္တာရဲ့ အကြံပေးအဖြစ် ပလာတီနီ ဆောင်ရွက်နေစဉ် လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းအတွက် ၂၀၁၁ ခုနှစ်က ပေါင် ၁ ဒသမ ၃၅ သန်းကို ဘလတ္တာက ပလာတီနီကို ပေးအပ်ခဲ့ပါတယ်။ ၁၉၉၈-၂၀၀၂ ခုနှစ်က လုပ်ငန်းတွေအတွက် နှုတ်ပိုင်းဆိုင်ရာ သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ပလာတီနီကပြောသလို သူတို့ ၂ ဦးလုံးက တစုံတရာ အမှားအယွင်း မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒီငွေပေးချေမှုနဲ့ ပတ်သက်ပြီး မှတ်တမ်းမှတ်ရာ လုပ်ဆောင်ထားခြင်း မရှိသလို တမင်သက်သက် ချန်လှပ်ထားတယ်လို့ ဖီဖာစာရင်းစစ်ကော်မတီ ဥက္ကဋ္ဌ ဒိုမေနီကို စကေလာက ပြောပါတယ်။ သာမန်ကိစ္စတွေကိုတောင် ရေးသားထားတဲ့ စာချုပ်စာတမ်းရှိသလို ၂ ဦးစလုံးက ဖီဖာအမှုဆောင် အရာရှိတွေဖြစ်ပြီး နှစ်စဉ် ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်တွေကို အတည်ပြုရတဲ့ ကိစ္စတွေကို သိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီစာရင်းဇယားဟာ မှားယွင်းတဲ့စာရင်း ဖြစ်တယ်လို့လည်း စကေလာက ထောက်ပြပါတယ်။ ဘလတ္တာနဲ့ ပလာတီနီ ၂ ဦးစလုံးဟာ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့အတွက် ရယူထားတဲ့ ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up