A d v e r t i s e m e n t With Us

ဒဏ်ရာကြောင့် တော့တင်ဟမ်ကွင်းလယ်လူ ချတ်ဒ်လီ ၆ ပတ် နားရမည်

ဓာတ်ပုံ - JMP/Rex-Shutterstock
တော့တင်ဟမ်ဟော့စပါးအသင်း ကွင်းလယ်ကစားသမား ချတ်ဒ်လီဟာ ဒဏ်ရာကြောင့် သီတင်းပတ် ၆ ပတ်လောက် အနားယူရတော့မှာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ချတ်ဒ်လီဟာ လီဗာပူးနဲ့ ဂိုးမရှိသရေကျတဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံကစားသမားဟာ နယ်သာလန်ကလပ် တွမ်တီးကနေ စပါးအသင်းကို ၂၀၁၃ မှာ ပြောင်းရွှေ့ရောက်ရှိလာတာပါ။ စပါးအသင်းမှာ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်လည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ စပါးအသင်းဟာ လောလောဆယ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up