A d v e r t i s e m e n t With Us

လာမည့်နှစ် ဖေဖော်ဝါရီတွင် ဖီဖာ ဥက္ကဋ္ဌသစ် ရွေးမည်

လာမယ့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် အထူးကွန်ဂရက်မှာ ဥက္ကဋ္ဌသစ်အတွက် ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က အတည်ပြုပါတယ်။ ၁၉၉၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် ဆပ်ဘလတ္တာနေရာကို ဆက်ခံဖို့ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘလတ္တာရော ဒုတိယဥက္ကဋ္ဌ ပလာတီနီပါ ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ထားပါတယ်။ ဥက္ကဋ္ဌနေရာအတွက် ပလာတီနီနဲ့ အလီဘင်အယ်လ်ဟူစိန်တို့က ရွေးချယ်ခံဖို့ ရှိနေတာပါ။ ဒီလ အစောပိုင်းမှာ ပလာတီနီက ရွေးချယ်ခံဖို့ စာရွက်စာတမ်းတွေ တင်သွင်းခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ် ဖီဖာက အသိအမှတ်ပြုသလို စည်းရုံးလုပ်ဆောင်ဖို့ ခွင့်မပြုခဲ့ပါဘူး။ ရာထူးက ဆိုင်းငံ့ထားတဲ့ သတ်မှတ်ကာလကို ကျော်လွန်မှသာ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုမယ်လို့ ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ရေး ကော်မတီက ဆိုပါတယ်။ ဥက္ကဋ္ဌနေရာအတွက် ဘာရိန်းက ရှိက်ဆာမန်ဘင် အီဗရာဟင် အယ်ကာလီဖာ ၀င်ရွေးချယ်ခံနိုင်သလို ထရီနီဒက်တိုဘက်ကို အလယ်တန်းကစားသမားဟောင်း ဒေးဗစ်နက်ဟစ်လည်း ရွေးချယ်ခံဖို့ ရှိနေပါတယ်။ တော့တင်ဟမ် နောက်ခံလူဟောင်း ရာမွန်ဗီဂါကလည်း ဥက္ကဋ္ဌနေရာ ၀င်အရွေးခံဖို့ စဉ်းစားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up