A d v e r t i s e m e n t With Us

ဘိုင်ယန်ကို အနိုင်ယူပြီး အာဆင်နယ် ချန်ပီယံလိဂ် ပထမဆုံးနိုင်ပွဲရ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အက်ဖ် ပွဲစဉ်အဖြစ် ဂျာမနီ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်တို့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားသွားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဂိုးသွင့်ခွင့်တွေ ရရှိခဲ့ပေမယ့် အိမ်ရှင် အာဆင်နယ် ဂိုးသမား ပီတာချက် လက်စွမ်းပြ ကာကွယ်သွားပါတယ်။ အာဆင်နယ်အသင်းကလည်း အပိုင်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဘိုင်ယန်ဂိုးသမား နူအာ လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၇ မိနစ်မှာတော့ အာဆင်နယ် ကစားသမား ဂျရူးက ကာဇိုလာရဲ့ ဖရီးကစ်ကနေ ပထမဂိုး သွင်းယူသွားပါတယ်။ ဘိုင်ယန်ဂိုးသမား နူအာရဲ့ အမှားကြောင့် ဒီဂိုး ခွင့်ပြုလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီနောက်မှာတော့ နာကျင်အချိန်ပိုမှာ အိုဇေးလ်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ ဘိုင်ယန်ဂိုးသမား နူအာ ဂိုးစည်းအတွင်းကနေ ပုတ်ထုတ်ခဲ့လို့ ဂိုးအဖြစ် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် အုပ်စု အက်ဖ်မှာ အာဆင်နယ်က ၃ ပွဲကစား ၁ ပွဲနိုင်၊ ၂ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေသလို ဘိုင်ယန်ကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရှုံး၊ ၆ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up