မန်ယူအသင်း၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် အက်ရှ်လေယန်း မပါဝင်နိုင်

ဓာတ်ပုံ - ရိုက်တာ
1.9K
မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်သမား အက်ရှ်လေယန်းဟာ ဒဏ်ရာကြောင့် စီအက်စ်ကေအေ မော်စကိုအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။
တောင်ပံကစားသမား ယန်းဟာ ပေါင်ခြံဒဏ်ရာကြောင့် အဲဗာတန်ကို ၃ ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
မန်ယူဟာ အောက်တိုဘာ ၂၁ ရက်ညမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ရုရှားကလပ် စီအက်စ်ကေအေ မော်စကိုနဲ့ ယှဉ်ပြိုင်ရမှာပါ။
မန်ယူအသင်းဟာ လောလောဆယ် နောက်တန်းသမားတွေဖြစ်တဲ့ လုခ်ရှော၊ မက်နိုင်ရာတို့ ဒဏ်ရာကြောင့် အနားယူနေရသလို လူငယ်တိုက်စစ်မှူးဖြစ်တဲ့ ဂျိမ်းစ်ဝီလ်ဆင်လည်း နေမကောင်းတဲ့အတွက် ဒီပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
မန်ယူဟာ ချန်ပီယံလိဂ် အုပ်စု ဘီမှာ ပါဝင်နေပြီး အသင်း ၄ သင်းစလုံးဟာ ၂ ပွဲ ကစားထားရာမှာ ၃ မှတ်စီ အသီးသီး ရရှိထားပါတယ်။