A d v e r t i s e m e n t With Us

ဂန်းနန်းစတိုင်အကဖြင့် ဟန်ဆောင်ကားတိုက်ခံသည့် တရုတ်အမျိုးသမီး (ရုပ်သံ)

ငွေတောင်းခံဖို့ ရည်ရွယ်ချက်နဲ့ ကုန်တင်ကားတစီးရှေ့မှာ ဟန်ဆောင်ကားတိုက်ခံခဲ့တဲ့ တရုတ်အမျိုးသမီးတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ သူ့ရဲ့လှုပ်ရှားဟန်တွေကြောင့် အင်တာနက်ပေါ်မှာ လတ်တလော ရေပန်းစားနေတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရှန်ဒေါင်းခရိုင်၊ ရန်တိုင်မြို့ရဲ့ လူစည်ကားရှုပ်ထွေးတဲ့ လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက် တခုလုံးကို အနီးကပ်ရိုက်ထားတဲ့ ကင်မရာတွေကတဆင့် ဖမ်းယူရရှိခဲ့တာပါ။ ဒါပေမယ့် ကားတိုက်ခံပြီး ငွေတောင်းဖို့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားနေတဲ့ သူ့ရဲ့ လှုပ်ရှားပုံအဆင့်ဆင့်ဟာ နာမည်ကျော် ကိုရီးယားသီချင်း ဂန်းနန်းစတိုင် ဖြစ်နေတာမို့ ကြည့်ရှုသူတွေကြား ဝေဖန်မှုတွေရှိနေပြီး ရေပန်းစားနေခဲ့တာလို့ သတင်းက ဆိုပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up