A d v e r t i s e m e n t With Us

သမ္မတ အိုဘားမား နက္ခတ်တာရာ ညပွဲ အိမ်ဖြူတော် မြက်ခင်းပြင်တွင် ကျင်းပ

ဓာတ်ပုံ - Chip Somodevilla/Getty Images
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ကျောင်း အင်ဂျင်နီယာ စီမံကိန်းအတွက် လျှပ်စစ်နာရီ တီထွင်ရာက ဗုံးနဲ့မှားယွင်း အဖမ်းခံခဲ့ရတဲ့ ၁၄ နှစ်သား ကျောင်းသား အပါအဝင် ကျောင်းသားတွေနဲ့ သိပ္ပံဆရာတွေ၊ နက္ခတ္တဗေဒ ပညာရှင်တွေကို အိမ်ဖြူတော်မှာ အောက်တိုဘာ ၁၉ ရက်နေ့က လက်ခံ တွေ့ဆုံပါတယ်။ နက္ခတ်တာရာ ညပွဲအဖြစ် အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှာ ကြယ်ငေးဖို့ ဖိတ်ခေါ်တာပါ။ ဒါဟာ သူ့အလုပ်မှာ အပျော်ဆုံး အချိန်တွေထဲက တခုဖြစ်ပြီး သမ္မတကတော်ကလည်း အာကာသစခန်းထဲမှာ ဆလပ်ရွက်ကို ဘယ်လိုစိုက်လဲဆိုတာ သိချင်စိတ် ပြင်းပြနေတယ်လို့ အိုဘားမားက တက်ရောက်လာသူ အယောက် ၃၀၀ လောက်ကို ပြောပါတယ်။ တက်ရောက်လာသူတွေထဲမှာ လျှပ်စစ်နာရီ တီထွင်တာကို ရဲက ဗုံးထင်ပြီး မှားဖမ်းတာ ခံခဲ့ရတဲ့ အသက် ၁၄ နှစ်အရွယ် အာမဒ် မိုဟာမက်လည်း ပါခဲ့ပါတယ်။ အိုဘားမားကတော့ သူ့ကို တိုက်ရိုက် သီးသန့်ရည်ညွှန်းတာ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အမေရိကန် အမျိုးသားအာကာသသိပ္ပံအဖွဲ့ နာဆာရဲ့ သိပ္ပံနဲ့ အာကာသ သုတေသန နယ်ပယ်မှာ လတ်တလော စွမ်းဆောင်မှုတွေနဲ့ သိပ္ပံနည်းပညာ အင်ဂျင်နီယာနဲ့ သင်္ချာပညာရပ်တွေမှာ ကျောင်းသားတွေအတွက် အခွင့်အလမ်းတွေ အများကြီး တိုးပွားနေတယ်လို့ အထူးအလေးထား ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ အမျိုးသားလေကြောင်းနဲ့ အာကာသပြတိုက်က အဝေးကြည့် မှန်ပြောင်းကနေတဆင့် လကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up