ဆေးအဖွဲ့ကြောင့် နှစ်ခါနာဖြစ်ရသည့် ဒဏ်ရာရ ဘောလုံးသမား (ရုပ်သံ)

2.4K
ဘောလုံးကစားရင်း ကွင်းအတွင်း ဒဏ်ရာရ ကစားသမားတဦးကို ကုသပေးဖို့ ကြိုးစားတဲ့ ဆေးအဖွဲ့ကြောင့် ကစားသမားတွေ ပိုမို နာကျင်စေတယ်လို့ ပြောရင်တော့ မမှားနိုင်ပါဘူး။
ဂရိနိုင်ငံ ဒုတိယတန်းကလပ်ပြိုင်ပွဲမှာ ဒဏ်ရာရ ကစားသမားတဦးကို ဆေးအဖွဲ့က ကြမ်းကြမ်းတမ်းတမ်းနဲ့ ထမ်းစင်ပေါ် တင်လိုက်ပါတယ်။
ဒီနောက် ကစားသမားကို ကုသပေးဖို့ ကွင်းအတွင်းက အမြန်ထွက်ဖို့ ကြိုးစားရာမှာ ထမ်းစင်နဲ့အတူ ပထမတကြိမ် မှောက်လဲကျသွားပါတယ်။
ဒီနောက် ဒုတိယအကြိမ်ပြန်သယ်ဖို့ ကြိုးစားရာမှာ ထပ်မံလဲကျသွားတဲ့အတွက် ဒဏ်ရာရ ကစားသမားဟာ အနာပေါ် တုတ်ကျသလို ဖြစ်ခဲ့ရပါတယ်။
ကွင်းအပြင် ရောက်တဲ့အချိန်မှာလည်း ထမ်းစင်ကို ညင်ညင်သာသာမချဘဲ ပြစ်ချခဲ့လို့ ကစားသမားအတွက် ဆိုးဆိုးဝါးဝါး ခံစားရမှာ အသေချာပါ။
ဒါ့အပြင် ဒီပွဲမှာ ဒဏ်ရာရ ကစားသမားရဲ့ ကလပ်က ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပြန်တော့ ဘောလုံးပွဲမှာရတဲ့ ဒဏ်ရာက ကစားသမားအတွက် ပိုမိုနာကျင်စေမှာ အမှန်ပါပဲ။