A d v e r t i s e m e n t With Us

နယူးဒေလီတွင် အိမ်ခြေ ၃၀၀ ခန့် မီးလောင်ပျက်စီး၊ လူ ၁၅၀၀ အိုးမဲ့အိမ်မဲ့ဖြစ် (ရုပ်သံ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရဲ့ အရှေ့ပိုင်း မန်ဂိုပူရီ ပျံကျရပ်ကွက်မှာ အောက်တိုဘာ ၁၉ ရက်နေ့က မီးအကြီးအကျယ် လောင်ခဲ့လို့ အိမ်ခြေ ၃၀၀ လောက် မီးလောင် ပျက်စီးခဲ့ပြီး လူအယောက် ၁၅၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လူအများအပြား အနားက စက်ရုံမှာ အလုပ်လုပ်နေတဲ့အချိန် မီးက မနက် ၂ နာရီလောက်မှာ လောင်ခဲ့တာပါ။ မီးလောင်လောင်ချင်း ဒေသခံတွေကို ဘေးကင်းရာ အမြန် ရွှေ့ပြောင်းပေးခဲ့လို့ သေဆုံးမှု မရှိခဲ့ပါဘူး။ ဒေသခံတွေကတော့ ပြန်သုံးနိုင်သေးတဲ့ အိမ်သုံးပစ္စည်းနဲ့ အဝတ်တွေကို မီးလောင်ပြင်ထဲကနေ ရှာနေကြပါတယ်။ ကနဦးစုံစမ်းစစ်ဆေးမှုအရ မီးဟာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာက စတယ်လို့ ရဲတွေက ဆိုပေမယ့် အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up